IPSJ နှင့် ဧရာဝတီကော်မရှင်တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ ဖက်ဒရယ် ဆွေးနွေးပွဲ ကျင်းပပြုလုပ်
YT
This news was published by Mizzima Media on April 3, 2026.
မဇ္ဈိမ။ ။ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ (The Institute for Peace and Social Justice – IPSJ) နှင့် ဧရာဝတီဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲ ရေးကော်မရှင်တို့ ပူးပေါင်းပြီး ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Original Post – https://www.facebook.com/share/p/1J19iuTfdv/?mibextid=wwXIfr
အဆိုပါ ဆွေးနွေးပွဲအား မတ်လ ၁၈ ရက်နေ့မှစ၍ မတ်လ ၃၁ ရက်နေ့အထိ နှစ်ပတ်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
IPSJ ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက “ခိုင်မာပြီး အားလုံးပါဝင်နိုင်တဲ့ ဖက်ဒ ရယ်ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ဆိုရင် ကြားကာလအစီအမံတွေနဲ့ အနာဂတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲမယ့်သူတွေဟာ ဖက်ဒရယ်မူဘောင်တွေကို နက်နက်ရှိုင်းရှိုင်း နားလည်ထားဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲအား အထူးဆွေးနွေးပွဲတရပ်အဖြစ် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် အခြေခံကျသည့် အသိပညာ ဗဟုသုတများအား ဧရာဝတီကော်မရှင်နှင့် သက်ဆိုင်သူများထံသို့ ဖြည့်ဆည်းပေးနိုင်ရေးရည်ရွယ်၍ ပြုလုပ်ခြင်းဟု ဆိုသည်။
ဆွေးနွေးပွဲအား ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ တိုင်းရင်းသားလူငယ်ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (ERO) အဖွဲ့ဝင်များ စုစုပေါင်း ၃၃ဦး ပါဝင်ခဲ့ပြီး ပါဝင်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲ၌ ဦးခင်မောင်ဝင်းက နှိုင်းယှဉ်ဖက်ဒရယ်စနစ် (Comparative Federalism) သဘောအရ အစိုးရ အဆင့်ဆင့်အကြား လုပ်ပိုင်ခွင့်ခွဲဝေမှု၊ လွှတ်တော်နှစ်ရပ်စနစ် (Bicameralism)နှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ၊ winner-takes-all vs cooperative governments စနစ်များကိုလည်းကောင်း၊ IPSJ ၏ အမှုဆောင်
ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ဖက်ဒရယ်စနစ်အတွင်းရှိ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်၊ သဘာဝသယံဇာတစီမံခန့်ခွဲမှု၊ မျှတသောအကျိုးအမြတ်ခွဲဝေရေးဆိုင်ရာမူဝါဒ ရေးဆွဲရေးအတွက်အခြေခံရမည့်မူများကိုလည်းကောင်း ဆွေးနွေးမျှဝေပေးခဲ့ကြသည်။ ထို့အပြင် ဒေါက်တာဒေစီခရစ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအခြေခံသော အုပ်ချုပ်ရေးနှင့် ဖွဲ့စည်းပုံရေးဆွဲခြင်းဆိုင်ရာအခြေခံသဘောတရား၊ ဖက်ဒရယ်ယူနစ်အသစ်များတည် ဆောက်ခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ ဖက်ဒရယ်စနစ်တို့ကိုလည်းကောင်း၊ ဒေါက်တာ Kenton က ဖက်ဒရယ်နိုင်ငံများတွင် သဘာဝသယံဇာတစီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ နှိုင်းယှဉ်လေ့လာခြင်းတို့ကို အသီးသီးဆွေးနွေးပို့ချခဲ့ကြကြောင်း ဆိုသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး





