ဓာတ်ပုံ -TNLA တပ်သားများ။ လက်ရှိအချိန်တွင် TNLA သည် တရုတ်၏ ဖိအားပေးမှု၊ MNDAA ၏ ရည်မှန်းချက်များနှင့် ၂၀၂၆ သမ္မတအသစ်လက်ထက် ကန့်သတ်ချက်များအကြား ပိတ်မိနေပါသည်။
K2
This news was published by Mizzima Media on April 17, 2026.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင်၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (PSLF/ TNLA) က ၂၀၂၆ သမ္မတမင်းအောင်လှိုင်ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ ခဲ့ခြင်းကြောင့် မြန်မာ့တော်လှန်ရေးကွန်ရက်တခုလုံးအား မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်သွားခဲ့ရ သည်။
PSLF/ TNLA အဖွဲ့သည် စစ်တပ်ကို အောက်ခြေမှကိုင်လှုပ်ခဲ့သည့် သမိုင်းဝင် ၁၀၂၇ စစ်ဆင်ရေး၏ အဓိကမောင်းနှင်အားတခုဖြစ်ခဲ့ပြီး၊ ယခုအခါ ၎င်းတို့ကိုယ်တိုင် ဖြိုဖျက်ရန်တိုက်ပွဲဝင်ခဲ့သည့် အဖွဲ့အား ယင်းကဲ့သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်းက အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့ကို တရားဝင်အသိ အမှတ်ပြုလိုက်ခြင်းပင် ဖြစ်ပါသည်။
ယခုလုပ်ရပ်သည် TNLA ၏ ဝါဒရေးရာပြောင်းလဲမှုမဟုတ်ဘဲ အခြေအနေအရ ဖိအားပေးခံရမှုကြောင့် ဖြစ်ပေါ်လာသည့် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်သာဖြစ်ပါသည်။
TNLA က ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း လက်ရှိ တွင် အဖွဲ့အစည်း ရေရှည်တည်တံ့ရှင်သန်ရေးအတွက် ဦးစားပေးဆောင်ရွက်နေရခြင်းဖြစ်သည်။
ယခုကဲ့သို့ ချဉ်းကပ်ခြင်းသည် လက်ရှိပကတိအခြေအနေများကို စိတ်မပါဘဲ လိုက်လျောညီထွေဖြစ် အောင် ပြင်ဆင်လာခြင်းဖြစ်ပြီး ၎င်းတို့ရင်ဆိုင်နေရသော အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့ကို မူဝါဒ ပိုင်းအရ ဆက်လက်ဆန့်ကျင်နေဆဲဖြစ်သည်။
TNLA က အသိအမှတ်ပြုလိုက်သည့် ‘အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့’
TNLA က အသိအမှတ်ပြုလိုက်သည့် “အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့” သည် လူအများက လှည့်ဖျားမှုအဖြစ် ပြစ်တင်ရှုံ့ချခဲ့ကြသော ရွေးကောက်ပွဲများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
Original Post: https://bur.mizzima.com/2026/04/17/87945
Tagged MizzimaBurmeseNews, TNLA, ဆက်သွယ်ခဲ့ရ, တော်လှန်ရေးထက်, မင်းအောင်လှိုင်, မဇ္ဈိမသတင်းဌာန, ရှင်သန်ရေး
ဘာသာပြန်။ ။ သောမတ်




