© ခင်မောင်ဝင်း Institute for Peace and Social Justice 202609
ပုံပါ ပုံစံတူ စာသားများကို အောက်ပါအတိုင်း ကူးယူရေးသားပေးလိုက်ပါတယ် –
၁။ အချဉ်း
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးသမိုင်းကြောင်းကို လေ့လာရာတွင် ဗြိတိသျှကိုလိုနီခေတ် (၁၈၂၄ မှ ၁၉၄၈ ခုနှစ်အထိ) ကာလသည် အလွန်အရေးပါသော အချိုးအကွေ့တစ်ခု အဖြစ်မြင်တွေ့နိုင်သည်။ ကုန်းဘောင် မင်းဆက်၏ အုပ်ချုပ်အခြားအာဏာပိုင် နိုင်ငံတစ်နိုင်ငံမှ ဗြိတိသျှအိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် လည်းကောင်း၊ ထိုမှတစ်ဆင့် သီးခြားကိုလိုနီနိုင်ငံအဖြစ်သို့လည်းကောင်း ပြောင်းလဲရောက်ရှိခဲ့သည်။ ဗြိတိသျှတို့သည် ကျူးကျော်စစ်သုံးခုကိုဆင်နွှဲကာ ထိုသို့ အဆင့်ဆင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှအစိုးရသည် အုပ်ချုပ်ရေးလွယ်ကူစေရန်နှင့် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်များကို ကာကွယ်နိုင်ရန်အတွက် ပထဝီဝင်အနေအထားနှင့် လူမျိုးရေးကွဲပြားမှုများကို အခြေခံ၍ ဝန်ကြီးများ အုပ်ချုပ်သော မြန်မာပြည်မ (Ministerial Burma သို့မဟုတ် Burma Proper) နှင့် တောင်တန်းဒေသများ (Frontier Areas သို့မဟုတ် Scheduled Areas) ဟူ၍ အုပ်ချုပ်ရေးယန္တရား နှစ်ရပ်ခွဲခြားကာ “ခွဲခြားအုပ်ချုပ်ရေးစနစ် (Divide and Rule Policy)” ကို စနစ်တတ ကျင့်သုံးခဲ့သည်။




