မဇ္ဈိမ ။ ။ ‘ပွင့်လင်းမြင်သာသော ဥပဒေပြုရေး’စာအုပ် မိတ်ဆက်ပွဲကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။ တက္ကသိုလ်ဥပဒေပညာရေး၌ ဥပဒေရေးဆွဲခြင်းပညာကို သီးခြားသင်ကြားနိုင်ခြင်းမရှိသေးသဖြင့် လက်တွေ့ကျသော အထောက်အကူပြုများ ပေးလိုခြင်းနှင့် ပင်မဥပဒေနှင့် တဆင့်ခံ ဥပဒေမူကြမ်းများ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရေးထုံးများကို ဥပမာရှင်းချက်များနှင့်တကွ ပြုစုထားခြင်းဖြစ်ကြောင်း စာရေးသူ ဦးချမ်းမြေ့ (မဟာဥပဒေ) က မိတ်ဆက်အခမ်းအနားတွင် ပြောကြားခဲ့သည်။
‘ပွင့်လင်းမြင်သာသော ဥပဒေပြုရေး’ စာအုပ်၏ စာရေးသူ ဥပဒေပညာရှင်ဦးချမ်းမြေ့သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပထမအကြိမ် ရွေးကောက်ခံခဲ့ရပြီး လွှတ်တော်အတွင်း ဥပဒေပြုရေးနှင့် ပြည်သူ့ရေးရာဆိုင်ရာ ကော်မတီအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အဆိုပါမဲဆန္ဒနယ်မှပင် ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံခဲ့ရကာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
စာ ။ နောင်နောင်
တဂ်လုပ်ထားသည် မဇ္ဈိမ မြန်မာသတင်း, MizzimaEAE, စာအုပ်မိတ်ဆက်, မဇ္ဈိမသတင်းဌာန, မြန်မာ့နိုင်ငံရေး, ဥပဒေပြုရေး, ဦးချမ်းမြေ့
မူရင်းပို့စ်- https://bur.mizzima.com/2026/06/23/94046?


